နင်မြင်ခဲ့တယ်ဆိုတဲ့ အဲဒီ အစနေ့က
တနင်္ဂနွေလေ။
တိမ်ပြာပြာအလွင့်တွေ နင့်ဆီကူးစက်၊
နှင်းစက်တွေ နင့်မျက်နှာမှာဝေဆာလို့
ငါ့နားတွေကိုက်ဖဲ့ခံနေရဆဲ ခဏ…
နင့်နောက်မှာ ငါ့မျက်လုံးတွေဝှက်ထားခဲ့တာ…။
နက်မှောင်တဲ့နင့်မျက်ခုံးတွေ အကာအကွယ်နဲ့
ငါ့အသံမဲ့စကားလုံးတွေ နင်နားမှလည်နိုင်ပါ့မလား။
နင်အားရပါးရ ရီပြီးချိန်မှာတော့
ငါသိလိုက်ပါပြီ ချစ်သူ
နင့်ရင်ထဲမှာ ငါ့ကိုချစ်တဲ့အချစ်တွေနဲ့
လှနေခဲ့တယ်လေ။
နှောင်းအိမ်
No comments:
Post a Comment