Pages

Saturday, 4 February 2012

အုံ့ပုန်း



ဝိုးတ၀ါးလေး ငါလွမ်းမိနေတယ်
တိတ်တိတ်ကလေး ငါရေရွက်ခဲ့တယ်
ခိုးခိုးပြီးတော့ ငါပြုံးပြတတ်တယ်
လမင်းရဲ့ မျက်စောင်းဆီကိုလေ ။
အိပ်မက်တွေလိုပေါ့
လမင်းသွားရာတွေဆီမှာ
ခြေရာတွေရှာဖွေခဲ့တဲ့ငါဟာ
သဲမှုန်တွေဆီနမ်းရှုံ.လို့
အနိုးကြားဆုံးအတ္တတွေဆီတမ်းတလို့။
လရောင်ရဲ့ မှောင်ပျပျလမ်းဆီ
ငါ့နှလုံးသားရဲ့ သက်ပြင်းချခဲ့သံက
ကြည်ဖြူစွာပဲ ညင်သာညက်ညောခဲ့လေရဲ့။
တကယ်တော့
တိတ်တိတ်လေး ရိုးသားပြခဲ့တယ်ဆိုတာ
လမင်းက ဘယ်ကြည့်မိခဲ့ပါ့မလဲ။
နှောင်းအိမ်

No comments:

Post a Comment