နင်ပေးခဲ့တဲ့ ဝေဒနာတွေနဲ့ 
ငါ့ခံစားချက်တွေ ထုဆစ်ခဲ့တာ
ကဗျာတွေ အင်ဂျင်စက်နဲ့ လှည့်ထုတ်သလိုမျိုး၊
အလွမ်းတွေတစ်ကမ္ဘာစာမက
ငါ့နှလုံးသားကိုယစ်မူးစေခဲ့ပြီ။
ခုတော့
နင့်ခြေရင်းမှာ ၀ပ်တွားလို့
မလွမ်းရရင် မတတ်နိုင်လောက်အောင်
ငါ့အသိတရားက သာယာနေခဲ့ပေါ့။
နှောင်းအိမ်
No comments:
Post a Comment