Pages

Saturday, 4 February 2012

အားငယ်ခြင်း


ဘောင်တစ်ခုထဲ
ငါ့မျက်လုံးတွေကပ်ငြိ
ေ၀၀ါးပြီးနောက်...
ပိန်းပိတ်မှုထဲ
အတုံးလိုက်အတိုက်လိုက်ပျော်ဝင်၊
လွင့်စင်ခြင်းတွေ
မရေရာမှုနံရံကြီးဆီဆောင့်တိုး။
ဆွဲငင်ခြင်းတစ်ခုလား
တွန်းကန်ခြင်းတွေ။
ငါ့မျက်နှာကိုလွှဲခဲ့မိပြန်တယ်။
ထင်နေရတဲ့ ရိုးရှင်းမှုတွေ
မရှိခြင်းဆီအရောက်လှမ်းလို့ ။
ဝေခွဲမရခြင်းတွေ၊
တတ်နိုင်မယ်ထင်ရပေမဲ့
သိခြင်းတစ်ခုအတွက်တောင်
ငါ့ဝိဥာဉ်နဲ့ ရောထွေးနေတာ။
နှောင်းအိမ်

No comments:

Post a Comment