Pages

Saturday, 4 February 2012

ပြဒါးမဲ့ မှန်ချပ်


 ငါ့ရဲ့ အချစ်ဆိုတဲ့ ခံစားချက်တွေက
နင့်အတွက် ကဗျာတွေ
အင်ဂျင်စက်နဲ့ လှည့်ထုတ်သလိုမျိုး
တစ်ထပ်ကြီး ထုတ်ပြလိုက်တယ် .။
နင်ပြောခဲ့တဲ့
အဲဒီ စကားလုံးဆိုတာတွေက
ငါ့ရင်ဘတ်တည့်တည့်
ဝင်ဆောင့်ရလောက်အောင် စူးရှခဲ့ရတာ…
နင်မသိခဲ့ပါဘူး .။
တကယ်တော့ မိန်းကလေးရယ်..
အိပ်မရခြင်းဆိုတဲ့ အိပ်မပျော်တဲ့ရောဂါကို
ဖြန့်ဝေနေသူက နင်မှနင်အစစ်ပါ ။
ကဗျာတွေတောင်လိုပုံသွားခဲ့ရတာလည်း
သူမကြောင့်လို့ အပြစ်မတင်လိုတော့ပါ ။
မိန်းကလေးငယ် တစ်ယောက်က
ကဗျာကို ဖတ်ရုံသာတတ်ခဲ့တယ်ဆိုတာ
ဒီနေ့မှသိခဲ့သူ
ကျွန်တော်သာ… ။
နှောင်းအိမ်

No comments:

Post a Comment