Pages

Saturday, 4 February 2012

အရုပ်တွေပေါ်ကျရှုံးခြင်းရင်ခုန်သံ


-စစ်ရထားရဲ့ဘီးသံတွေကြားမှာ
လန့်လန့်ပြီး အိပ်မရဖြစ်နေတဲ့ ညတွေ။
-မင်းသမီးတစ်ပါး
အိပ်ခန်းရှေ့မှာ ကိုယ်သင်းနံ့ ရှတတတွေ
မိန့်မောစရာကောင်းလောက်အောင်
ပစ်ချနေလို့။
-ရထားစီးပြီးထွက်သွားတဲ့ချစ်သူရေ..
ပြန်လာခဲ့ပါတော့။
စစ်သူကြီးလည်း အနက်ရထားဘီးချွန်အောက်မှာ
ညက်ညက်ကြေလို့
အိပ်ခန်းစောင့်နိုက်(knight)က
ရန်သူ့မြှားချက်ကိုရှောင်ခဲ့ပေမယ့်
မင်းသမီးရဲ့မာယာအောက်မှာ
ပျော့ပျော့ခွေခဲ့ပြီ။
ခွာသံတွေ၊ဆူဆူညံညံဘီးသံတွေ
ကိုယ်သင်းနံ့ရှတတတွေ
ငါ့နှလုံးသွေးရပ်ဆိုင်းရအောင်ထိ
မင်းသမီးရဲ့ အာငွေ့လေးတွေ
နှုတ်ခမ်းသားပေါ် လာရိုက်စိုစွတ်ခဲ့တော့
အိပ်ခန်းထောင့်ကို ဆွဲခေါ်သွား
နှလုံးအုံကို ခတ်ဆတ်ဆတ် ထိုးသွင်းအသေသတ်လိုက်တာ
တိုးတိုးလေးပြောသွားတယ်
chess တဲ့။
                (idea magazine 9.2010)
       
                       မိုးစွေ

No comments:

Post a Comment