ခွေးချေးပဲ။
ရုပ်တည်ကြီးနဲ့ပြောင်ပြနေရတဲ့
ကျုပ်ကိုသနားလိုက်တာဗျာ၊
မိုးစွေပြောသလို ကျုပ်မျက်လုံးတွေဝါကုန်ပြီ..။
ဘာပဲပြောပြော
အစိမ်းရောင်တွေ ပြည့်ကျပ်နေလို့
green mood လို့အမည်တပ်ခံရတဲ့
ပန်းချီကားကို ကျုပ်လည်းကြိုက်တာပဲ။
rhythm မပါတဲ့ ဘာသာစကားကို
တစ်လုံးစီဝါးစား..
ကျွန်တော်လည်းသူ့အကြောင်းတွေးနေတာ ကြာပြီဗျ။
မဖြစ်ပါဘူးဗျာ
မနက်ဖြန် အလုပ်ဆင်းရဦးမယ်။
နှောင်းအိမ်
(၀န်ခံချင်မှု။ ။ ကိုယ့်အပူတွေသူများပေးဖတ်ရတာ နည်းနည်းတော့အားနာတယ်ဗျ )
No comments:
Post a Comment