Pages

Wednesday, 25 January 2012

ပြတင်းပေါက်

ပြတင်းပေါက်အပြင်ကကြည့်တဲ့ညက
သူတို့ပြောသလိုပါပဲ ငါ့ကိုငါတွေ့ခဲ့တယ.်။
မောင်လှမျိုး၊ တာရာမင်းဝေ၊
မောင်ဖီလာ….
ခံရဖန်များလို့ ‘အ’သွားရသူတစ်ယောက်အဖြစ်
အလွယ်ဆုံးတွေကိုချဉ်းကပ်
ကျယ်လောင်ခြင်းတွေအဆုံးသတ်ဖို့
ဆိတ်ငြိမ်ခြင်းတွေအဆုံးသတ်ဖို့
ငါလျှောက်ချင်နေတာ အလွယ်လမ်းလား။
ဆပ်ပြာပူဖောင်းလို အပ်တစ်ထောက်စာဒဏ်ရာနဲ့
ငါရပ်တည်ဆဲပါ
အသွင်ပြောင်းသွားတာ
ပျက်စီးသွားပြီလို့ အတည်ယူချင်လဲ နင့်သဘောပေါ့
ဒဏ်ရာဗလပွနဲ့ ငါ့နှလုံးသားက
ပိုရင့်ကျက်တဲ့အချစ်တွေ ထုတ်လုပ်နေတာ နင်မှမမြင်ပဲ။
နေရောင်အောက်မှာ တလက်လက်ထနေတဲ့ မှန်ကွဲစတွေအတိုင်း
လမ်းဘေးရောက်ဖို့ သနေခဲ့သလိုလို
ငါနေရတဲ့အခန်းကို
ညနေတိုင်း အရောက်ပြန်တတ်နေပြီ
အလင်းဖောက်တဲ့ ပလက်စတစ် အကာ၊
လေစီးကြောင်းထဲ ငါ့အခန်းမပါပေမယ့်
နေစီးကြောင်းထဲပါနေတာကို စီးမျှော ၀ံ့နေပြီ။
ပြတင်းပေါက်က မြင်တဲ့နေ့က
နင်မပါတာကိုတော့ ငါ အံ့သြလို့ မဆုံးဘူး
နင်ပဲနောက်ချန် နေခဲ့တာလား……။
နောက်ဆုံး ကနေ့တွေကို ငါ
အတိုင်းသား မြင်ရဆဲပဲ
သူတို့ပြောသလိုပဲ အရှိအတိုင်း မြင်လိုက်ရတယ်
မယုံနိုင်စရာ ကောင်းလောက်အောင်
နင်မပါခဲ့ဘူး ။

No comments:

Post a Comment