မြင်နေရတာ ပခုံးသားဖွေးဖွေးလေးရယ်
ပြေညီစွာဆင်းသွားတဲ့ လက်မောင်းလေးရယ်။ပြီးတော့…
စီးကရက်တစ်လိပ် မီးညှိပြီးအပြင်းထန်ဆုံးရှိုက်ချင်သလို။
နှင်းသီးလေးတွေတောင်ကြွေမဆင်းရက်လောက်အောင်
နုးညံ့နေပုံများ
ပိုးဟပ်ဖြူလေးတစ်ကောင်လို။
သေချာမှာပါ။
ဆောင်းရာသီကို ကျွန်ပြုခစားရတဲ့ နှင်းဖွေးလေးတွေ
မင်းတို့ငြိမ်သက်စွာ ဆင်းပေးရင်တောင်
ချိုင့်ခွက်လေးတွေ စွန်းထင်းသွားရင်
အတွင်းကျကျ တောက်လောင်ရမယ့် မီးတောင်တစ်ခု။
ဖန်ခွက်အလွတ်တစ်လုံး အသံမမြည်အောင် ကျကွဲသွားသလိုမျိုးမဟုတ်ဘဲ
ရော့ခ်သီချင်းတစ်ပုဒ်နဲ့ စီးမျှောဖောက်ထွက်ခွင့်ပေါ့။
ပိုးဟပ်ဖြူ၊ပိုးဟပ်ဖြူ
ဆည်းဆာဖြူ။
မင်းရဲ့ခေါင်းစဉ်အောက်
အဲဒီင်္ကဗျာထဲကလို “လူတွေလား၊ဂူတွေလား”
ေ၀၀ါးရဦးမှာပါ။
မိုးစွေ
(Idea magazine,Oct 2010)
No comments:
Post a Comment