စာလုံးတွေထဲမှ
ခုန်ဝင်လာသောလက်သည်းချွန်တွေ
အစင်းရာ မညီမညာ
ဖြေမဖျောက်နိုင်သော…
ကြည့်လိုက်တော့လည်း..
မှတ်ညဏ်ထဲမှာ
ဒဏ်ရာသွေး ညှီစို့တုန်းပါလား၊
မကြာသေးဘူးပေါ့
ကြာခဲ့ပါပြီ…
အသံမပြုတတ်တော့ ငြိမ်ကုပ်ခံနေမှုပေါင်း…
အားလုံးထက် ရှေ့မှာခင်းကျင်းပြသ
ဂန္ဓာရုံမှာမင်းပျော်ခဲ့တယ်ပေါ့
မကလောက်ဘူးထင်တယ်။
ချွန်မြသောအကြည့်တို့
မကြည့်ဘဲချစ်ပစ်လိုက်သော အချစ်တို့
ဘီရှော့ နှစ်ကောင်ကြက်ခြေ ခတ်ရှုပ်သလို
နေ့၊ည အစုံ
သူကိုပင်တဒုန်းဒုန်းမြည်စေခဲ့သည်
နေစရာမရှိ၊ ပြန်စရာမရှိ
ထွက်သွားစရာတော့ ရှိဦးမည်။
စာလုံးတွေထဲမှာ လောလောလတ်လတ်
ချွန်မြမှုကို မြင်ရသည်။
မိုးစွေ
No comments:
Post a Comment