Pages

Wednesday, 25 January 2012

အရောင်များနဲ့ စီခြယ်သော


ငါ့အတွက်ရပ်ပေးတဲ့ ပန်းနုရောင်ရွှေ့လျှားမှု
နင့်အကြည့်နဲ့ ဆုံခဲ့မှာကိုသိခဲ့ရင်…။
အဲဒီ
အလင်းတန်းနဲ့ ကပ်ငြိပါလာတဲ့ အနက်ရောင်ချဲဒိုးလိုင်း၊
ရှက်သွေးရောင် ပါးတစ်ပြင်၊
လေအကူနဲ့ ညှို့ အားပြင်းခဲ့တဲ့ နီယွန်မျဉ်းအလွင့်တွေ၊
သင့်ကြောင့်သာ fluorescent တွေတောက်ပနေတာ။

တစ်ဆစ်လည်းချိုးရော
အေးခဲနေတဲ့ဖန်တစ်ခွက်
ရေနွေးနဲ့ တွေ့ တဲ့အခါ မြည်တမ်းသလိုမျိုး…
ငါ့နှလုံးသားက သွေ့ ကပ်တိတ်ဆိတ်လို့ ။
နောက်ရွေ့ ကျန်ခဲ့တဲ့ ပန်းချီတွေလည်းမသိတော့၊
ကမ္ဘာလည်း လည်စရာမလိုတော့၊
ငါသိခဲ့တာ
ဘီးတွေရပ်မှ သက်ပြင်းချက်ခဲ့သလိုလို။
နှောင်းအိမ်

No comments:

Post a Comment